Tuesday, October 7, 2008

သတင်းကောင်း

ပြီးခဲ့တဲ့ ဇူလိုင်လ က ကျွန်မ မြန်မာပြည်ကို ခဏ ပြန်ခဲ့တယ်။ ကျောင်းတော်ကြီးကို လွမ်းပေမယ့် ရခဲတဲ့ အလွန်နည်းပါးသော ခွင့်ရက်တွေကြောင့် ကျောင်းတော်ကြီးဆီ အရောက်မသွားနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ နေပူပူ ရန်ကုန်မြို့ရဲ့(အဲဒီ့နေ့က မိုးမရွာလို့ပါ) တစ်နေရာမှာ သူငယ်ချင်းမ တစ်ယောက်ကို ပြန်တွေ့ခဲ့ရတယ်။ ရုတ်တရက်ပဲ သူက ဘာပြောတယ်လို့ ထင်ကြလဲဟင်။ “ဟဲ့ နင်သိလား စင်ကာပူရောက်နေတဲ့ငါတို့ကျောင်းက လူတွေ စုပြီး ဆရာဆရာမတွေကို လစဉ်ငွေပို့ပြီးကန်တော့ဖို့လုပ်ကြတယ်ဆို နင်ရောကြားလားတဲ့”။ အဲဒီစကားကို ကြားရလို့ အရမ်းအံ့သြရသလို အရမ်းလည်း ၀မ်းသာမိခဲ့ရတယ်။ ကျွန်မတို့ရဲ့ မအားကြတဲ့ကြားက အတတ်နိုင်ဆုံး စုစည်းခဲ့ကြရတဲ့ အောင်မြင်မှုလေ။ အဲဒီ့သူငယ်ချင်းမ လိုပဲ ကျန်တဲ့သူငယ်ချင်းတွေလည်း ဒီအကြောင်းကိုကြားကြပြီး ကျွန်မတို့ရဲု့စည်းလုံးညီညွတ်မှုအတွက် ဂုဏ်ယူနေလိမ့်မယ်လို့ ကျွန်မယုံပါတယ်။ ဒါနဲ့ပဲ ဆရာမဒေါ်ဥမ္မာသူဆီကို ဖုန်းခေါ်တော့ ကျောင်းက ဆရာဆရာမအားလုံးလည်း အံ့သြ၀မ်းသာနေကြတယ်တဲ့ အထူးသဖြင့် ကျောင်းသူကျောင်းသားဟောင်းအားလုံးရဲ့ စည်းလုံးနိုင်မှုအတွက်ပေါ့။ ကျွန်မတို့ ပို့ပေးထားတဲ့ ဒီအစီအစဉ်မှာပါဝင်တဲ့ကျောင်းသူကျောင်းသားစာရင်းတွေကို ပြန်ကြည့်ပြီး ဒါက ဘယ်သူလေ ဘယ်နှစ်တုန်းကပေါ့ နဲ့ ပြန်ပြောဖြစ်ကြတယ်တဲ့။ ကဲ....ဘယ်လောက်ပျော်စရာကောင်းလဲလို့ နော်။ သူငယ်ချင်းအားလုံးလည်း ပျော်နိုင်ဖို့ မျှဝေပေးလိုက်တယ်နော်။

အမှတ်တရ

လာမယ့် အောက်တိုဘာ ၂၇ ရက် နေ့မှာ ကျွန်မတို့ မွန် GTI/GTC ကျောင်းသူကျောင်းသားဟောင်းများရဲ့ကထိန်သင်္ကန်းကပ်လှူပွဲနဲ့ ကျောင်းသားဟောင်းများပြန်လည်တွေ့ဆုံပွဲ ကို Eunos ဓာတ်တော်တိုက်ကျောင်းမှာ ကျင်းပဖို့ရှိပါတယ်။ အဲဒီ့အတွက် အလှူငွေကိုလည်း လစဉ်ကောက်ခံနေကြ ဆရာကန်တော့ငွေနဲ့အတူကောက်ခံနေပါတယ်။ သူငယ်ချင်းအားလုံးက တတ်နိုင်တဲ့ဘက်က ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ ကျင်းပမယ့်အချိန်နဲ့နေရာအတိအကျကို မကြာခင်မှာ အားလုံးဆီ ဖိတ်စာနဲ့တကွ ပို့ပေးမှာပါ။ သူငယ်ချင်းအားလုံးလာရောက်နိုင်ဖို့မျှော်လင့်ပါတယ်။ အဲဒီ့နေ့ အစီအစဉ်အခမ်းအနားမှတ်တမ်းကိုလည်း ကျွန်မတို့ရဲ့ ဆရာဆရာမများအလွမ်းပြေပီတိဖြစ်နိုင်ဖို့ အမိကျောင်းတော်ကြီးဆီ ပို့ပေးဖို့စီစဉ်ထားပါတယ်။ နောက်ထပ်အစီအစဉ်တစ်ခုအနေနဲ့ သူငယ်ချင်းအားလုံး ကထိန်ပဒေသာပင်မှာ လှူဒါန်းနိုင်ဖို့ စီစဉ်ထားပါတယ်။ ဆန္ဒရှိတဲ့ လှူဖွယ်ပစ္စည်းများကို ယူဆောင်လာနိုင်ပါတယ်နော်။ အားလုံးပဲ .....ပျော်ပျော်ပါးပါး ဆုံကြမယ်နော်။










သူငယ်ချင်းအားလုံး အမှတ်တရ အလွမ်းပြေ ကြည့်ဖို့ စက်တင်ဘာလအတွက် ရွေးချယ်ကန်တော့ခဲ့တဲ့ ဆရာဆရာမများရဲ့အမှတ်တရသြ၀ါဒ စကားတွေကို တင်ပေးထားပါတယ်။ အောက်တိုဘာလအတွက် ဆုံနေကြ အစည်းအဝေးကို ကိုသောင်းဆွေဝင်းရဲ့နေအိမ်မှာ လာမယ့် ၁၂-၁၀-၂၀၀၈ ညနေ ၃ နာရီ လို့သက်မှတ်ထားပါတယ်။ ကထိန် သင်္ကန်းကပ်လှူပွဲအတွက်ပါ ဆွေးနွေးကြမှာမို့ သူငယ်ချင်းအားလုံး အတတ်နိုင်ဆုံး လာေ၇ာက် အကြံပြုဆွေးနွေးပေးကြဖို့ ဖိတ်ခေါ်ပါတယ်နော်။

Monday, July 7, 2008

Steps in June,2008







ဇွန်လ အတွက် ဆရာဆရာမ ငါးဦး ၁။ ဦးဂျွန် (MP) ၂။ ဦးစိုးဝင်း (EP) ၃။ ဒေါ်ကျင်ဝင်း (academic) ၄။ ဒေါ်ခင်စန်းသွင် (Civil) ၅။ ဒေါ်လှိုင်နွဲ့ထွန်း (EC) ရွေးချယ်ပြီး ကန်တော့ငွေ တစ်ဦးလျှင်ကျပ် တစ်သိန်းလေးထောင်လေးရာ စီဖြင့် ပေးပို့ကန်တော့ပြီး ဖြစ်ပါတယ်။ ဆရာဆရာမ များရဲ့ အမှတ်တရ ဆုံးမစကားလေးတွေကို သူငယ်ချင်းအားလုံး ခံစားပီတိဖြစ်နိုင်ဖို့ မျှဝေပေးလိုက်တယ်နော်။ အားလုံးရဲ့စည်းလုံးညီညွတ်မှုနဲ့ အောင်မြင်မှုဒုတိယခြေလှမ်းပါ။

Monday, June 30, 2008

အမှတ်တရ မြေနီလမ်း


မဝေးလှတဲ့ တစ်ချိန်တုန်းက ဒီလမ်းကို ကျွန်မတို့ ကြိမ်ဖန်များစွာ လျှောက်ခဲ့ဖူးကြတယ်။
တစ်ချို့က သူငယ်ချင်းများစွာနဲ့။
တစ်ချို့က အရင်းနှီးဆုံးသူနဲ့။
တစ်ချို့က အထီးကျန် တစ်ယောက်တည်း။
ဆွေးနွေးရင်း....
ငြင်းခုန်ရင်း...
ကြည်နူးရင်း....
အထီးကျန်ရင်း....
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်...
အဲဒီလမ်းလေးမှာ ကျွန်မတို့အားလုံးရဲ့ အမှတ်တရများစွာ ရှိနေတယ်။

Monday, June 16, 2008

ပုံရိပ်များ

မနေ့က ညနေတွေ့ဆုံပွဲလေးပြီးတော့ ကျွန်မတို့ရဲ့ကျောင်းလေးကိုပိုပြီး သတိရနေမိတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူငယ်ချင်း ထွေးစိုးဟန်က အမှတ်တရ အလွမ်းပြေ ဓာတ်ပုံလေးတွေပို့လာခဲ့တာမို့ အမိမြေက နေ တတ်နိုင်သရွေ့ပါဝင်လှုပ်ရှားပေးနေတဲ့ သူငယ်ချင်းကို ကျေးဇူးအထူးပါ။



မှတ်မိလိမ့်မယ်လို့ ထင်ပါတယ်။ ကျောင်းနဲ့အတူ ဘယ်တော့မှမေ့ထားလို့မရ တဲ့ ပုံရိပ်တွေပါ။

Saturday, June 14, 2008

Friday, June 13, 2008

အမှတ်တရစာမျက်နှာ

ဆရာဆရာမများ ခင်ဗျား
ကျွန်တော်ရိုသေစွာစာရေးလိုက်ပါတယ်။ စင်ကာပူမှာရောက်ရှိနေတဲ့ မော်လမြိုင် GTC/GTI ကျောင်းသားကျောင်းသူ(လက်လှမ်းမှီသလောက် စုစုပေါင်း အယောက် 80) များစုပေါင်းပြီး ဆရာဆရာမများကို လစဉ် အလှည့်ကျ ပူဇော်ကန်တော့နိုင်ရန် Novemberလမှစတင်ကာ ဆွေးနွေးတိုင်ပင်ပြောဆိုဖြစ်ခဲ့ပါတယ်။ စင်ကာပူမှာရောက်ရှိနေပြီး အဆက်အသွယ်မရရှိသေးတဲ့သူတွေပါ အားလုံးနီးပါးစုစည်းမိအောင်လည်း ဆက်လက်ကြိုးစားနေပါတယ်။ အားလုံးရဲ့သဘောတူအကြံပြုချက်အရ ကန်တော့ခံဆရာဆရာမ ၆၀ ဦးရွေးချယ်ထားပြီး တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် တစ်လလျှင် ဆရာဆရာမ ၅ ဦးစီ ရွေးချယ်ကန်တော့မယ့် အစီအစဉ်လေးဖြစ်လာခဲ့ပါတယ်။ ပထမဦးဆုံးခြေလှမ်းအဖြစ် မေလ အတွက် ကန်တော့ခံဆရာဆရာမ ၅ ဦး ကို အောက်ပါအတိုင်းရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ငါးသိန်းကို ဆရာမဒေါ်ခင်ဝင်းမာမှတဆင့် ပေးပို့ကန်တော့ပြီးဖြစ်ပါတယ်။ ၁။ ဒေါ်ခင်ဝင်းမာ ( Academic) ၂။ ဦးညွန့် (MT) ၃။ ဒေါ်အုန်းအုန်းပိုင် (EC) ၄။ ဦးထင်အောင်ညွန့် (EP) ၅။ ဒေါ်ဌေးဌေးစိန် (Civil) ။ ဆရာမ ဒေါ်ဌေးဌေးစိန် နဲ့ ဆရာ ဦးညွန့် တို့ရဲ့ ဆက်သွယ်ရန်လိပ်စာ မရရှိသေးတဲ့အတွက် အဆက်အသွယ် ရရှိသူများ ရှိခဲ့ရင်လည်း နေရပ်လိပ်စာကို အောက်ပါကျောင်းသားကျောင်းသူများထံ ဆက်သွယ်ပေးပို့ပေးဖို့ အားလုံးကိုတောင်းဆိုပါတယ်။

သောင်းဆွေဝင်း ( 95' MP)
Ph: 93382887
Blk-409, #02-20, Clementi Avenue 1, S'pore (120409)

ကျော်လွင်ဝင်း ( 96' MP)
93837324

ဇာဇာထွန်း ( 2000' Civil)
94248615
Blk-409, #02-20, Clementi Avenue 1, S'pore (120409)

အိအိခိုင် ( 98' EP)
91120982

စောအောင်ထွန်းဦး (97' MT)
90227357

နွယ်ဇင်နှင်း (97' MP)
81338548

အေးနန္ဒာဝင်းမောင် (98' Civil)
91087815
Blk-364, #08-461, Clementi Avenue 2, S'pore (120364)

ဒုတိယခြေလှမ်း

မင်္ဂလာပါ သူငယ်ချင်းအားလုံး။ ဒုတိယခြေလှမ်းအနေနဲ့ မနက်ဖြန်ညနေ 4.30 ကိုသောင်းဆွေဝင်းရဲ့ အိမ်မှာတွေ့ကြဖို့အစီအစဉ်လေးရှိပါတယ်။ အဓိက ကတော့ ပြီးခဲ့တဲ့လ မှာကောက်ခံရရှိထားတဲ့ အလှူငွေစာရင်းကိုဖော်ပြဖို့နဲ့ ဇွန်လကုန်မှာ ကန်တော့ခံဆရာဆရာမ စာရင်းရွေးဖို့ အတွက်ပါ။ စိတ်ပါဝင်စားတဲ့သူငယ်ချင်းအားလုံး လာရောက်ပါဝင်နိုင်ဖို့ ဖိတ်ခေါ်ပါတယ်။ နောက်တစ်ခုအနေနဲ့ သူငယ်ချင်းအားလုံး blog ကိုလာလည်တဲ့အခါမှာ အမည်ရင်းနဲ့ ၀င်လည်စေချင်ပါတယ်လို့ ကိုသောင်းဆွေဝင်းက အကြံပြုပါတယ်။ ကောင်းတဲ့အကြံတစ်ခုပါ။ သူငယ်ချင်းအားလုံးလည်း ထပ်တူထပ်မျှဆန္ဒရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူငယ်ချင်းတစ်ယောက်က cbox မှာအကြံပြုခဲ့တာလေးတစ်ခု အားလုံးကို ဝေမျှချင်ပါတယ်။ အဲဒါကတော့ blogမှာ ကျောင်းနဲ့ပတ်သတ်တဲ့ အမှတ်တရလေးတွေ လွမ်းမောတမ်းတစရာလေးတွေ ရေးကြဖို့ပါ။ ကျွန်မကိုယ်တိုင် စာအရေးအသားမကောင်းလို့ ရေးချင်ပေမယ့် ဘာရေးရမလဲ မသိသေးလို့ပါ။ အချိန်လေးပေးပြီး အားလုံးက အမှတ်ရစရာလေးတွေ
ဝိုင်းရေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ မနက်ဖြန် ဆုံကြမယ်နော်။

Sunday, June 8, 2008





ပထမဦးဆုံး ဆုံဖြစ်ခဲ့ကြတဲ့ ဆရာကန်တော့ပွဲ အစည်းအဝေး
အမှတ်တရ

Tuesday, June 3, 2008

2nd June,2008

"Good Day Dear! We would like you to know that S$600 has been sent to Daw Khin Win Mar for contribution to the following Teachers for this month, June. 1, Daw Khin Win Mar (Academic) 2, U Nyunt (MT) 3, Daw Ohm Ohm Paing (EC) 4, U Htin Aung Nyunt (EP) 5, Daw Htay Htay Sein (C). We try to contribute S$600 for 5 Teachers each month, so pls invite other great Mon GTI/GTC friends to contribute. Thanks for your support."

ဒီ sms လေးကို ကိုစောကြီးဆီက လက်ခံရရှိပါတယ်။ ကျွန်မတို့ကျောင်းသူကျောင်းသားဟောင်းအားလုံးရဲ့ စည်းလုံးညီညွတ်မှုနဲ့ အောင်မြင်မှု ပထမဦးဆုံးခြေလှမ်းပါ။ sms လက်ခံရရှိသူရော မရရှိသူပါ ပါဝင်ခံစားနိုင်ဖို့ ဝေမျှလိုက်ပါတယ်။ သူငယ်ချင်းအားလုံးကို အထူးကျေးဇူးတင်ပါတယ်။

Sunday, March 23, 2008

List of Students and Amount for year 2008

Sr No. Name Amount per month Remark
(Feb) (Mar)
1, Aung Htaik (10) (10)

2, Aung Khaing Lin (20)

3 ,Aung Min Soe (14)

4,Aung Zaw Win (10) (10)

5 ,Aye Nandar
Win Maung (20)

6 ,Ei Ei Khaing (20) (20)

7, Hein Min (10) (10)

8 ,Khaing Mya
Mya Thwin (20)

9, Khin Hnin Myat (10)

10, Khin Htate Tin (20)

11 ,Khin Htay Kywe (10)

12 Kyaw Lwin Win (10) (10)

13 ,Kyaw Min Htut
(shar Nyo) (20)

14,Kyay Mone Win (10) (10)

15 ,Kyi Tun (10)

16, Min Nay Lin (21)

17, Min Thu (10) (10)

18 ,Mi Mi Win
Maung (10) (10)

19 ,Mya Sabae
Khaing (10)

20 ,Myo Min Than (14)

21 ,Myo Lwin Oo (20)

22 ,Nwe Zin Hnin (10) (10)

23 ,Nyi Nyi Saung (10)

24 ,Saw Aung Tun
Oo (10) (10)
25 ,Saw Maung
Maung Cho (10) (10)

26, Soe Tint (10)

27 ,Than Kyaw Oo (10)

28 ,Thaung Swe Win (20) (20)

29 ,Wai Wai Nwe (10) (10)

30 ,Win Thant (20)

31 ,Yee Mon Thaung (20)

32 ,Zar Zar Tun (20)

33 ,Zaw Shin (10)


Total Amount (170) (439)

Total Amount at the end of March (S$)609

Tuesday, March 11, 2008

သူငယ်ချင်းများသို့...

Mechatronics ဘာသာရပ်က မောင်နမတွေကို ပြောချင်တာလေးရှိပါတယ်။
“ကိုရီးယားနိုင်ငံမှာရောက်နေတဲ့ ကျွန်မတို့ရဲ့မောင်လေး ထိပ်နီ က ဖုန်းဆက်လာပါတယ်ဆရာကန်တော့ပွဲ အစီအစဉ်မှာ သူလည်းတပ်အားသရွေ့ထည့်ဝင်ပါမယ်တဲ့ဒါပေမယ့် အစီအစဉ်ဖိတ်စာထဲမှာ Mechatronics က ကျောင်းသား/သူ တွေအတွက်မပါလို့ စိတ်မကောင်းဖြစ်ရပါတယ် ”လို့ ပြောလာပါတယ်။
တကယ်တော့ ဒီအစီအစဉ်လေးက မွန်GTI မှာ ခြေရာထပ်ခဲ့ကြတဲ့ ကျောင်းသူ/သား အားလုံးအတွက်ပါ။ မေဂျာတွေ အတန်းတွေ ခုနှစ်တွေ ဘွဲ့တွေ မခွဲခြားပါဘူး။ နောက်တစ်ခုက S'poreကိုရောက်နေတဲ့ ကျောင်းသားမှ မဟုတ်ပါဘူး မြန်မာပြည်ရဲ့ အဝေးကိုရောက်နေကြတဲ့ ကျောင်းသားတွေ ချည်းပဲလည်း မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ အမိကျောင်းတော်ကြီးရင်ခွင်က ထွက်ခွာလာခဲ့တဲ့ သူ အားလုံးအတွက်ပါ။
သူငယ်ချင်းအားလုံး ပျော်ရွှင်စွာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆန္ဒ ပြုလိုက်ပါတယ်။

Saturday, March 8, 2008

ပထမဆုံးခြေလှမ်း

ကြိုးစားပြီး အရောက်လာခဲ့တဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်

Friday, March 7, 2008

သူငယ်ချင်းအားလုံး ပြန်ဆုံကြမယ် 8.3.08 ညနေ 6.00pm နော်