Tuesday, March 11, 2008

သူငယ်ချင်းများသို့...

Mechatronics ဘာသာရပ်က မောင်နမတွေကို ပြောချင်တာလေးရှိပါတယ်။
“ကိုရီးယားနိုင်ငံမှာရောက်နေတဲ့ ကျွန်မတို့ရဲ့မောင်လေး ထိပ်နီ က ဖုန်းဆက်လာပါတယ်ဆရာကန်တော့ပွဲ အစီအစဉ်မှာ သူလည်းတပ်အားသရွေ့ထည့်ဝင်ပါမယ်တဲ့ဒါပေမယ့် အစီအစဉ်ဖိတ်စာထဲမှာ Mechatronics က ကျောင်းသား/သူ တွေအတွက်မပါလို့ စိတ်မကောင်းဖြစ်ရပါတယ် ”လို့ ပြောလာပါတယ်။
တကယ်တော့ ဒီအစီအစဉ်လေးက မွန်GTI မှာ ခြေရာထပ်ခဲ့ကြတဲ့ ကျောင်းသူ/သား အားလုံးအတွက်ပါ။ မေဂျာတွေ အတန်းတွေ ခုနှစ်တွေ ဘွဲ့တွေ မခွဲခြားပါဘူး။ နောက်တစ်ခုက S'poreကိုရောက်နေတဲ့ ကျောင်းသားမှ မဟုတ်ပါဘူး မြန်မာပြည်ရဲ့ အဝေးကိုရောက်နေကြတဲ့ ကျောင်းသားတွေ ချည်းပဲလည်း မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ အမိကျောင်းတော်ကြီးရင်ခွင်က ထွက်ခွာလာခဲ့တဲ့ သူ အားလုံးအတွက်ပါ။
သူငယ်ချင်းအားလုံး ပျော်ရွှင်စွာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆန္ဒ ပြုလိုက်ပါတယ်။

No comments: