Tuesday, October 7, 2008

အမှတ်တရ

လာမယ့် အောက်တိုဘာ ၂၇ ရက် နေ့မှာ ကျွန်မတို့ မွန် GTI/GTC ကျောင်းသူကျောင်းသားဟောင်းများရဲ့ကထိန်သင်္ကန်းကပ်လှူပွဲနဲ့ ကျောင်းသားဟောင်းများပြန်လည်တွေ့ဆုံပွဲ ကို Eunos ဓာတ်တော်တိုက်ကျောင်းမှာ ကျင်းပဖို့ရှိပါတယ်။ အဲဒီ့အတွက် အလှူငွေကိုလည်း လစဉ်ကောက်ခံနေကြ ဆရာကန်တော့ငွေနဲ့အတူကောက်ခံနေပါတယ်။ သူငယ်ချင်းအားလုံးက တတ်နိုင်တဲ့ဘက်က ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ ကျင်းပမယ့်အချိန်နဲ့နေရာအတိအကျကို မကြာခင်မှာ အားလုံးဆီ ဖိတ်စာနဲ့တကွ ပို့ပေးမှာပါ။ သူငယ်ချင်းအားလုံးလာရောက်နိုင်ဖို့မျှော်လင့်ပါတယ်။ အဲဒီ့နေ့ အစီအစဉ်အခမ်းအနားမှတ်တမ်းကိုလည်း ကျွန်မတို့ရဲ့ ဆရာဆရာမများအလွမ်းပြေပီတိဖြစ်နိုင်ဖို့ အမိကျောင်းတော်ကြီးဆီ ပို့ပေးဖို့စီစဉ်ထားပါတယ်။ နောက်ထပ်အစီအစဉ်တစ်ခုအနေနဲ့ သူငယ်ချင်းအားလုံး ကထိန်ပဒေသာပင်မှာ လှူဒါန်းနိုင်ဖို့ စီစဉ်ထားပါတယ်။ ဆန္ဒရှိတဲ့ လှူဖွယ်ပစ္စည်းများကို ယူဆောင်လာနိုင်ပါတယ်နော်။ အားလုံးပဲ .....ပျော်ပျော်ပါးပါး ဆုံကြမယ်နော်။

No comments: