Friday, May 21, 2010

ဆုံမှတ်-၅

အင်း........ဘယ်က နေ စ လို့ ဘယ်လိုပြောရမလဲတောင် မသိတော့ပါဘူး။
တကယ်တော့ ဘလော့ ရေးဖို့ပျင်းနေခဲ့တာ ကြာပါပြီ။
ရေးမယ်ဆိုတော့လည်း ဆုံမှတ်-၅ ကနေ စ ပြီး အကြွေးဆပ်ရမှာမို့ပါ။
ကဲ....ရေးပါပြီ။ တကယ်တော့ ကျွန်မ သိပ်မရေးချင်လှဘူး။
ဘာလို့လဲ သိတယ်မဟုတ်လား။ သူမ...............ကျွန်မကို (မျှော်လင့်ထားတဲ့အတိုင်း) ကျော်တက်သွားလို့ပါ။
(အင်ဂျင်သိပ်မကောင်းတဲ့ကားတွေကို အရင်ပေး သွားသင့်တယ်လို့ သူငယ်ချင်းတစ်ယောက်က ပြောပါတယ်။)

အဲဒီနေ့က တော်တော်ပင်ပန်းတယ်။
အဲဒီနေ့က တော်တော်ပျော်ကြတယ်။
အဲဒီနေ့က တော်တော်မူးကြတယ်။
အဲဒီနေ့က ...............................၂၀၁၀ ခုနှစ် .မတ်လ ၇ ရက်နေ့ ပါ။

အဲဒီလို ဆရာတွေလုပ်ရင်း ပျော်ခဲ့တယ်။
(နောက်ဆုံး ဆရာလုပ်ခြင်း အနေနဲ့။)



ယောင်နန နဲ့လည်း သူတို့လျှောက်တဲ့နောက်ကနေ လိုက်လျှောက်ခဲ့တယ်။
(အခွင့်ကြုံတုန်း လျှောက်ပစ်လိုက်တယ်)




သတို့သားတစ်ယောက်တည်း ကိုချန်ပြီး လည်း အပြိုင်ကျဲလိုက်ကြတယ်။





သတို့သမီး မူးနေလို့ လက်ကိုင်ပန်း မပစ်နိုင်တော့တာ လို့ မထင်လိုက်ကြပါနဲ့ဥိး။
ဘယ်လိုပဲပစ်ပစ် မိအောင်ဖမ်းနိုင်မှာ မဟုတ်တဲ့ ကျွန်မကို စေတနာအပြည့်နဲ့ လက်ထဲရောက်အောင် ထည့်ပေးရှာတာပါ။ ဒါလည်းပဲ.............................................................အင်း။

တကယ်တော့ ဘ၀ နှစ်ခုပေါင်းဆုံဖို့ မလွယ်လွန်းလှပါဘူး (ကျွန်မ အထင်)။ အဲဒါ ကြောင့် ဆုံအောင်ကြိုးစားနိုင်ခဲ့တဲ့ သူတို့နှစ်ယောက်အတွက် ကျွန်မ အရမ်း ၀မ်းသာ ဂုဏ်ယူပါတယ်။ မပြောင်းလဲတဲ့ မေတ္တာနဲ့ တသက်စာ ချစ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
မွန်ဂျီတီအိုင် အဖွဲ့သားတွေလည်း တော်တော်လေးကို ပျော်လိုက်ရတဲ့အတွက် အမှတ်တရ ဖြစ်ခဲ့ရတဲ့ ဆုံမှတ်-၅ ပါ။
(ဒီဘလော့ နဲ့ မွန်ဂျီတီအိုင် ဆိုဒ် မှာပါ စာတွေရေးဖို့ပျင်းနေခဲ့တဲ့ ကျွန်မ အကြွေးတွေဆပ်လိုက်ပါတယ်။ ကျေနပ်ကြပါလို့။)