Tuesday, October 7, 2008

သတင်းကောင်း

ပြီးခဲ့တဲ့ ဇူလိုင်လ က ကျွန်မ မြန်မာပြည်ကို ခဏ ပြန်ခဲ့တယ်။ ကျောင်းတော်ကြီးကို လွမ်းပေမယ့် ရခဲတဲ့ အလွန်နည်းပါးသော ခွင့်ရက်တွေကြောင့် ကျောင်းတော်ကြီးဆီ အရောက်မသွားနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ နေပူပူ ရန်ကုန်မြို့ရဲ့(အဲဒီ့နေ့က မိုးမရွာလို့ပါ) တစ်နေရာမှာ သူငယ်ချင်းမ တစ်ယောက်ကို ပြန်တွေ့ခဲ့ရတယ်။ ရုတ်တရက်ပဲ သူက ဘာပြောတယ်လို့ ထင်ကြလဲဟင်။ “ဟဲ့ နင်သိလား စင်ကာပူရောက်နေတဲ့ငါတို့ကျောင်းက လူတွေ စုပြီး ဆရာဆရာမတွေကို လစဉ်ငွေပို့ပြီးကန်တော့ဖို့လုပ်ကြတယ်ဆို နင်ရောကြားလားတဲ့”။ အဲဒီစကားကို ကြားရလို့ အရမ်းအံ့သြရသလို အရမ်းလည်း ၀မ်းသာမိခဲ့ရတယ်။ ကျွန်မတို့ရဲ့ မအားကြတဲ့ကြားက အတတ်နိုင်ဆုံး စုစည်းခဲ့ကြရတဲ့ အောင်မြင်မှုလေ။ အဲဒီ့သူငယ်ချင်းမ လိုပဲ ကျန်တဲ့သူငယ်ချင်းတွေလည်း ဒီအကြောင်းကိုကြားကြပြီး ကျွန်မတို့ရဲု့စည်းလုံးညီညွတ်မှုအတွက် ဂုဏ်ယူနေလိမ့်မယ်လို့ ကျွန်မယုံပါတယ်။ ဒါနဲ့ပဲ ဆရာမဒေါ်ဥမ္မာသူဆီကို ဖုန်းခေါ်တော့ ကျောင်းက ဆရာဆရာမအားလုံးလည်း အံ့သြ၀မ်းသာနေကြတယ်တဲ့ အထူးသဖြင့် ကျောင်းသူကျောင်းသားဟောင်းအားလုံးရဲ့ စည်းလုံးနိုင်မှုအတွက်ပေါ့။ ကျွန်မတို့ ပို့ပေးထားတဲ့ ဒီအစီအစဉ်မှာပါဝင်တဲ့ကျောင်းသူကျောင်းသားစာရင်းတွေကို ပြန်ကြည့်ပြီး ဒါက ဘယ်သူလေ ဘယ်နှစ်တုန်းကပေါ့ နဲ့ ပြန်ပြောဖြစ်ကြတယ်တဲ့။ ကဲ....ဘယ်လောက်ပျော်စရာကောင်းလဲလို့ နော်။ သူငယ်ချင်းအားလုံးလည်း ပျော်နိုင်ဖို့ မျှဝေပေးလိုက်တယ်နော်။

No comments: