Friday, June 13, 2008

ဒုတိယခြေလှမ်း

မင်္ဂလာပါ သူငယ်ချင်းအားလုံး။ ဒုတိယခြေလှမ်းအနေနဲ့ မနက်ဖြန်ညနေ 4.30 ကိုသောင်းဆွေဝင်းရဲ့ အိမ်မှာတွေ့ကြဖို့အစီအစဉ်လေးရှိပါတယ်။ အဓိက ကတော့ ပြီးခဲ့တဲ့လ မှာကောက်ခံရရှိထားတဲ့ အလှူငွေစာရင်းကိုဖော်ပြဖို့နဲ့ ဇွန်လကုန်မှာ ကန်တော့ခံဆရာဆရာမ စာရင်းရွေးဖို့ အတွက်ပါ။ စိတ်ပါဝင်စားတဲ့သူငယ်ချင်းအားလုံး လာရောက်ပါဝင်နိုင်ဖို့ ဖိတ်ခေါ်ပါတယ်။ နောက်တစ်ခုအနေနဲ့ သူငယ်ချင်းအားလုံး blog ကိုလာလည်တဲ့အခါမှာ အမည်ရင်းနဲ့ ၀င်လည်စေချင်ပါတယ်လို့ ကိုသောင်းဆွေဝင်းက အကြံပြုပါတယ်။ ကောင်းတဲ့အကြံတစ်ခုပါ။ သူငယ်ချင်းအားလုံးလည်း ထပ်တူထပ်မျှဆန္ဒရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူငယ်ချင်းတစ်ယောက်က cbox မှာအကြံပြုခဲ့တာလေးတစ်ခု အားလုံးကို ဝေမျှချင်ပါတယ်။ အဲဒါကတော့ blogမှာ ကျောင်းနဲ့ပတ်သတ်တဲ့ အမှတ်တရလေးတွေ လွမ်းမောတမ်းတစရာလေးတွေ ရေးကြဖို့ပါ။ ကျွန်မကိုယ်တိုင် စာအရေးအသားမကောင်းလို့ ရေးချင်ပေမယ့် ဘာရေးရမလဲ မသိသေးလို့ပါ။ အချိန်လေးပေးပြီး အားလုံးက အမှတ်ရစရာလေးတွေ
ဝိုင်းရေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ မနက်ဖြန် ဆုံကြမယ်နော်။

No comments: