Tuesday, October 7, 2008

သတင်းကောင်း

ပြီးခဲ့တဲ့ ဇူလိုင်လ က ကျွန်မ မြန်မာပြည်ကို ခဏ ပြန်ခဲ့တယ်။ ကျောင်းတော်ကြီးကို လွမ်းပေမယ့် ရခဲတဲ့ အလွန်နည်းပါးသော ခွင့်ရက်တွေကြောင့် ကျောင်းတော်ကြီးဆီ အရောက်မသွားနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ နေပူပူ ရန်ကုန်မြို့ရဲ့(အဲဒီ့နေ့က မိုးမရွာလို့ပါ) တစ်နေရာမှာ သူငယ်ချင်းမ တစ်ယောက်ကို ပြန်တွေ့ခဲ့ရတယ်။ ရုတ်တရက်ပဲ သူက ဘာပြောတယ်လို့ ထင်ကြလဲဟင်။ “ဟဲ့ နင်သိလား စင်ကာပူရောက်နေတဲ့ငါတို့ကျောင်းက လူတွေ စုပြီး ဆရာဆရာမတွေကို လစဉ်ငွေပို့ပြီးကန်တော့ဖို့လုပ်ကြတယ်ဆို နင်ရောကြားလားတဲ့”။ အဲဒီစကားကို ကြားရလို့ အရမ်းအံ့သြရသလို အရမ်းလည်း ၀မ်းသာမိခဲ့ရတယ်။ ကျွန်မတို့ရဲ့ မအားကြတဲ့ကြားက အတတ်နိုင်ဆုံး စုစည်းခဲ့ကြရတဲ့ အောင်မြင်မှုလေ။ အဲဒီ့သူငယ်ချင်းမ လိုပဲ ကျန်တဲ့သူငယ်ချင်းတွေလည်း ဒီအကြောင်းကိုကြားကြပြီး ကျွန်မတို့ရဲု့စည်းလုံးညီညွတ်မှုအတွက် ဂုဏ်ယူနေလိမ့်မယ်လို့ ကျွန်မယုံပါတယ်။ ဒါနဲ့ပဲ ဆရာမဒေါ်ဥမ္မာသူဆီကို ဖုန်းခေါ်တော့ ကျောင်းက ဆရာဆရာမအားလုံးလည်း အံ့သြ၀မ်းသာနေကြတယ်တဲ့ အထူးသဖြင့် ကျောင်းသူကျောင်းသားဟောင်းအားလုံးရဲ့ စည်းလုံးနိုင်မှုအတွက်ပေါ့။ ကျွန်မတို့ ပို့ပေးထားတဲ့ ဒီအစီအစဉ်မှာပါဝင်တဲ့ကျောင်းသူကျောင်းသားစာရင်းတွေကို ပြန်ကြည့်ပြီး ဒါက ဘယ်သူလေ ဘယ်နှစ်တုန်းကပေါ့ နဲ့ ပြန်ပြောဖြစ်ကြတယ်တဲ့။ ကဲ....ဘယ်လောက်ပျော်စရာကောင်းလဲလို့ နော်။ သူငယ်ချင်းအားလုံးလည်း ပျော်နိုင်ဖို့ မျှဝေပေးလိုက်တယ်နော်။

အမှတ်တရ

လာမယ့် အောက်တိုဘာ ၂၇ ရက် နေ့မှာ ကျွန်မတို့ မွန် GTI/GTC ကျောင်းသူကျောင်းသားဟောင်းများရဲ့ကထိန်သင်္ကန်းကပ်လှူပွဲနဲ့ ကျောင်းသားဟောင်းများပြန်လည်တွေ့ဆုံပွဲ ကို Eunos ဓာတ်တော်တိုက်ကျောင်းမှာ ကျင်းပဖို့ရှိပါတယ်။ အဲဒီ့အတွက် အလှူငွေကိုလည်း လစဉ်ကောက်ခံနေကြ ဆရာကန်တော့ငွေနဲ့အတူကောက်ခံနေပါတယ်။ သူငယ်ချင်းအားလုံးက တတ်နိုင်တဲ့ဘက်က ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ ကျင်းပမယ့်အချိန်နဲ့နေရာအတိအကျကို မကြာခင်မှာ အားလုံးဆီ ဖိတ်စာနဲ့တကွ ပို့ပေးမှာပါ။ သူငယ်ချင်းအားလုံးလာရောက်နိုင်ဖို့မျှော်လင့်ပါတယ်။ အဲဒီ့နေ့ အစီအစဉ်အခမ်းအနားမှတ်တမ်းကိုလည်း ကျွန်မတို့ရဲ့ ဆရာဆရာမများအလွမ်းပြေပီတိဖြစ်နိုင်ဖို့ အမိကျောင်းတော်ကြီးဆီ ပို့ပေးဖို့စီစဉ်ထားပါတယ်။ နောက်ထပ်အစီအစဉ်တစ်ခုအနေနဲ့ သူငယ်ချင်းအားလုံး ကထိန်ပဒေသာပင်မှာ လှူဒါန်းနိုင်ဖို့ စီစဉ်ထားပါတယ်။ ဆန္ဒရှိတဲ့ လှူဖွယ်ပစ္စည်းများကို ယူဆောင်လာနိုင်ပါတယ်နော်။ အားလုံးပဲ .....ပျော်ပျော်ပါးပါး ဆုံကြမယ်နော်။










သူငယ်ချင်းအားလုံး အမှတ်တရ အလွမ်းပြေ ကြည့်ဖို့ စက်တင်ဘာလအတွက် ရွေးချယ်ကန်တော့ခဲ့တဲ့ ဆရာဆရာမများရဲ့အမှတ်တရသြ၀ါဒ စကားတွေကို တင်ပေးထားပါတယ်။ အောက်တိုဘာလအတွက် ဆုံနေကြ အစည်းအဝေးကို ကိုသောင်းဆွေဝင်းရဲ့နေအိမ်မှာ လာမယ့် ၁၂-၁၀-၂၀၀၈ ညနေ ၃ နာရီ လို့သက်မှတ်ထားပါတယ်။ ကထိန် သင်္ကန်းကပ်လှူပွဲအတွက်ပါ ဆွေးနွေးကြမှာမို့ သူငယ်ချင်းအားလုံး အတတ်နိုင်ဆုံး လာေ၇ာက် အကြံပြုဆွေးနွေးပေးကြဖို့ ဖိတ်ခေါ်ပါတယ်နော်။